မိမိမျက်နှာကို အခြားသူနဲ့ တူအောင် ခွဲစိတ်ပြုပြင်ခဲ့သူများ – iSeeMedia
International

မိမိမျက်နှာကို အခြားသူနဲ့ တူအောင် ခွဲစိတ်ပြုပြင်ခဲ့သူများ

လူတိုင်းမှာ အိပ်မက်တွေရှိစမြဲ ဖြစ်ပါတယ်။ အချို့ အိပ်မက်တွေကတော့ ထူးခြားပြီး ထင်ရှားကျော်ကြား သူတွေလို ဖြစ်ချင်ကြတဲ့ ဆန္ဒွရှိနေခြင်းပါပဲ။ ဒီလိုဖြစ်လာဖို့ တစ်ခုတည်းသော နည်းလမ်းက ကိုယ်နှစ်သက်တဲ့ သူနဲ့ တူညီနိုင်ဖို့ ခွဲစိတ်မူပြုလုပ်ပြီး ကြိုးစားခြင်း ဖြစ်ပါတယ်။ မက်ဒေါနား၊ ကင်မ်ကာဒီရှီယန် စတဲ့ထင်ရှား ကျော်ကြားသူတွေနဲ့ တူညီနိုင်ဖို့ ကြိုးစားခဲ့ကြသလို အချို့ကလည်း ရုပ်ရှင် ဇာတ်ကောင်တွေ အတိုင်း ပြုလုပ် ဖန်တီး ယူခဲ့ကြပါတယ်။ အခြားသူနဲ့ တူအောင် ခွဲစိတ်မူခံယူခဲ့သူ အများအပြားရှိရာ စိတ်ဝင်စားစရာ ကောင်းတဲ့ အဖြစ်အပျက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။မက်ဒေါနား ပုံစံဖန်တီးထားတဲ့ အမျိုးသား

အသက်(၂၇) နှစ်အရွယ်ရှိ အဒမ်ဂူရီယာပာာ နာမည်ကျော်အဆိုတော် မက်ဒေါနားကို လေးစား အားကျသူ ဖြစ်ပါတယ်။ ဒါကြောင့် အဒမ်ဂူရီယာပာာ ပြီးခဲ့တဲ့ (၁၂) နှစ်တာ ကာလအတွင်း မက်ဒေါနားလို ဖြစ်အောင် ခွဲစိတ်ကုသမူတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။

ဒီလို ပြုလုပ်ရာမှာငွေကြေး အများအပြား သုံးစွဲခဲ့ရပါတယ်။ အဒမ်ဂူရီယာရဲ့ပြောပြချက်အရ ခွဲစိတ်ကုသမူ (၁၇) ကြိမ် ပြုလုပ်ရာမှာ ဒေါ်လာ ( ၁၇၅၀၀၀) ကုန်ကျခဲ့တယ်လို့ သိရပါတယ်။ အဒမ်ဂူရီယာပာာ မိန်းမလျာစိတ် ပေါက်နေသူဖြစ်ပြီး ဆွဲဆောင်မူရှိအောင် မက်ဒေါနားပုံစံ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ခွဲစိတ်မူတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ခွဲစိတ်မူကို စွဲလမ်းနှစ်သက်သူ ဖြစ်တာကြောင့် မိဘတွေနဲ့ အဆင်မပြေ ဖြစ်ခဲ့ရတဲ့အပြင် ယောကျာ်းလေး ချစ်သူနဲ့လည်း စကားများခဲ့ပါတယ်။ လက်ရှိအချိန်မှာ မက်ဒေါနားပာာ အသက်(၅၆)နှစ်ရှိနေပြီဖြစ်ပြီး အဒမ်ဂူရီယာက အသက် (၂၇)နှစ်သာ ရှိသေးတာကြောင့် နှိုင်းယှဉ်ရာမှာ အခက်အခဲတွေ ရှိလာပါတယ်။

အဒမ်ဂူရီယာရဲ့ မိခင်ဖြစ်သူပာာ မက်ဒေါနား သီချင်းတွေကို နှစ်သက်သူ မဟုတ်ပါဘူး။ နောက်ဆုံးမှာတော့ အဒမ်ဂူရီယာပာာ မက်ဒေါနားပုံစံ ဖန်တီးထားမူကို စွန့်လွှတ်ခဲ့ပြီး မိဘ၊ ချစ်သူဖြစ်သူတို့နဲ့ အဆင်ပြေမယ့် လမ်းကို ရွေးချယ်ခဲ့ပါတယ်။

 

၂။ ကပ္ပတိန်အမေရိကထဲက ဇာတ်ကောင်အတိုင်း လိုက်လုပ်သူ

 

နာမည်ကြီး ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ ကပ္ပတိန်အမေရိကမှာ ပါဝင်တဲ့ အရိုးခေါင်းနီပုံစံကို မြင်တွေ့ဖူး ပါလိမ့်မယ်။ ဗီလိန်နေရာက နေပါဝင်ခဲ့တဲ့ အရိုးခေါင်းနီပုံစံကို အားကျ နှစ်သက်နေသူကတော့ ဗင်နီဇွဲလား နိုင်ငံသား အွန်နရီဒါမွန် ဖြစ်ပါတယ်။ ကပ္ပတိန်အမေရိကပာာ နာမည်ကျော် ကာတွန်းဇာတ်ရုပ်ဖြစ်ပြီး ၁၉၄၁ မှာ စတင် သရုပ်ဖော်ခဲ့တာ ဖြစ်ပါတယ်။ ကပ္ပတိန်အမေရိကပာာ စူပါပာီးရိုး ဇာတ်ကောင်ဖြစ်ပြီး သူ့ကို အမြဲတမ်း ဆန့်ကျင် တိုက်ခိုက်နေသူက အရိုးခေါင်းနီပုံစံ ပြုလုပ်ထားသူ ဖြစ်ပါတယ်။ ဒီဇာတ်ကောင်ကို ငယ်စဉ် ကတည်းက နှစ်သက်ခဲ့တဲ့ အွန်နရီဒါမွန်ပာာ ရုပ်ရှင်ထဲက ပုံစံအတိုင်းပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီလိုပြုလုပ်ရာမှာ အွန်နရီ ဒါမွန်ပာာ ခွဲစိတ်ပြုပြင်ခြင်းကို သာမက ဆေးမင်ကြောင် ထိုးခြင်းကိုလည်း ပြုလုပ်ခဲ့ရပါတယ်။ မျက်နှာပြင်တစ်ခုလုံးကို ဆေးမင်ကြောင်တွေ ထိုးခဲ့ပြီး မျက်လုံးကိုလည်း အနီရောင်ဖြစ်အောင် ဆေးမင်ကြောင် ထိုးခဲ့ရပါတယ်။ နဖူးတွေမှာ အဖုအထစ်ပုံစံမျိုး ဖြစ်အောင် ခွဲစိတ်မူ ပြုလုပ်ခဲ့ရပါတယ်။ အွန်နရီဒါမွန်ပာာ ဒီလိုလုပ်ဖို့ စိတ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးမူတွေ ခံယူခဲ့ရပါတယ်။

ဝါသနာအရ ကပ္ပတိန်အမေရိက ဇာတ်ကောင်ထဲက ပုံစံအတိုင်း ပြုလုပ်ထားတာဖြစ်ပေမယ့် ဘဝကို အေးဆေးစွာ ဖြတ်သန်းနေတဲ့ အွန်နရီဒါမွန်ပာာ နောင်လာမယ့် ကပ္ပတိန်အမေရိက ဇာတ်ကောင်တွေမှာ ပါဝင် သရုပ်ဆောင်ခွင့်ရဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ နှာခေါင်းကို ပြုပြင်ခဲ့ရတဲ့အပြင် နဖူးမှာလည်း ဆီလီကွန် အလုံးတွေ ထည့်သွင်းထားပြီး ပါးပြင်မှာလည်း ဆီလီကွန်တွေ ထပ်မံထည့်သွင်းသွားဦးမှာ ဖြစ်ပါတယ်။ သူဟာ ရူးသွပ်မူကြောင့် လုပ်ခဲ့တာ ဖြစ်ပေမယ့် အွန်နရီဒါမွန်ရဲ့ပုံစံပာာ ကြောက်စရာ ကောင်းတဲ့ အနေအထားမှာ ရှိနေပါတယ်။

 

၃။ ကင်ကာဒီရှီယန်ပုံစံအတိုင်း လိုက်လံတုပသူ

ဗြိတိန်မိတ်ကပ်ပညာရှင် ဂျော်ဒန်ဂျိမ်းစ်ပာာ နာမည်ကျော် ရုပ်သံစတား ကင်ကာဒီရှီယန်ပုံစံ အတိုင်း လိုက်လံ တုပခဲ့ပါတယ်။ ဂျော်ဒန်ဂျိမ်းစ်ပာာ ကင်ကာဒီရှိယန်လို ဖြစ်ဖို့ တစ်ကိုယ်လုံး ပြုပြင်ဆူတွေ ပြုလုပ်ခဲ့ပါတယ်။ ခွဲစိတ်မူ အကြိမ် (၅၀) ကျော်ပြုလုပ်ရာမှာ စုစုပေါင်း ကုန်ကျငွေက ဒေါ်လာ (၁၅၀၀၀၀) အထိ ရှိခဲ့ပါတယ်။

မိန်းမလျာစိတ် ပေါက်နေတဲ့ ဂျော်ဒန်ဂျိမ်းစ်ပာာ ကင်ကာဒီရှီယန်ရဲ့ အမာခံ ပရိသတ်တစ်ဦး ဖြစ်ပါတယ်။ ကင်ကာဒီရှီယန်ပာာ အလှဆုံးခန္ဓာကိုယ် အလှပိုင်ရှင် အဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒါကြောင့် ဂျော်ဒန်ဂျိမ်းစ်ပာာ ကင်ကာဒီရှီယန်လို လိုက်လံတုပရာမှာ အခက်အခဲတွေ အများကြီး ရှိခဲ့ပါတယ်။ ပါးပြင်ကို ပြည့်ဖောင်းလာအောင် အစားထိုးမူ ပြုလုပ်ခြင်း၊ နှုတ်ခမ်းနဲ့ တင်ပါးတို့ကိုလည်း ခွဲစိတ်မူပြုလုပ်ခြင်း၊ မျက်ခုံးမွေးကို ဆေးမင်ကြောင် ရေးထိုးခြင်း၊ ဆံပင်ကို လေဆာနဲ့ ဖယ်ရှားခြင်း စတာတွေ ပြုလုပ်ခဲ့ရာမှာ အချိန်များစွာ ယူခဲ့ရပါတယ်။ လက်ရှိအချိန်မှာ ဂျော်ဒန်ဂျိမ်းစ်ပာာ ကင်ကာဒီရှီယန် ပုံစံဖန်တီးရာမှာ အနီးကပ်ဆုံး အခြေအနေကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ဂျော်ဒန်ဂျိမ်းစ်ပာာ နာမည်ကျော် မင်းသမီးတွေ ပြုလုပ်ပြီး ကင်ကာဒီရှီယန်လည်း ပြုလုပ်လေ့ရှိတဲ့ မျက်နှာကိုသွေးတွေဖြန်းပြီး နုပျိုအောင်လုပ်တဲ့ ကုထုံးကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုပြုလုပ်ရင် တစ်ကြိမ်ကို ဒေါ်လာ (၇၀၀) ပေးရလေ့ရှိပါတယ်။

 

၄။ကေပေါ့ပ်ပုံစံ ဖန်တီးထားတဲ့ ဘရာဇီးလ်နိုင်ငံသား

ကိုရီးယား ရုပ်ရှင်ဇာတ်ကားတွေရဲ့ ရိုက်ခတ်မူပာာ အာရှနိုင်ငံတွေမှာ သာမက ကမ္ဘာအထိပါ အကျိုး သက်ရောက်မူ ရှိခဲ့ပါတယ်။ ကိုရီးယား လူငယ်တွေရဲ့ ဝတ်စားဆင်ယင်မူပာာ ကမ္ဘာကို ရိုက်ခတ်ခဲ့ပြီး သူတို့လို ဝတ်စားဆင်ယင် နေထိုင်မူတွေလည်း ပိုမို ကျယ်ပြန့်လာခဲ့ပါတယ်။ ကိုရီးယားလိူင်းရဲ့ ရိုက်ခတ်မူဒဏ်ကို ခံနေရသူတွေထဲမှာလည်း ဘရာဇီးလ်နိုင်ငံသား မက်ဇ်လည်း ပါဝင်ခဲ့ပါတယ်။

အသက် (၂၅) နှစ်ရှိပြီဖြစ်တဲ့ မက်ဇ်ကတော့ ကိုရီးယားစတိုင်ကို အခြားသူတွေထက်ပိုမို ရူးသွပ်ပြီး တစ်ပုံစံတည်း ဖြစ်အောင် ပြုလုပ်ခဲ့ပါတယ်။ မက်ဇ်ပာာ ခွဲစိတ်မူတွေပြုလုပ်ပြီး ကေပေါ့ပ် ဒီဇိုင်းအတိုင်း ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ မက်ဇ်ပာာ အရင်က ရွှေအိုရောင်ဆံပင်နဲ့ အပြာရောက်မျက်လုံးတို့ ရှိခဲ့တာဖြစ်ပြီး ကေပေါ့ပ်ကို ရူးသွပ်ပြီး နောက်ပိုင်းမှာတော့ ခွဲစိတ်မူ (၁၀) ကြိမ် ပြုလုပ်ခဲ့ပါတယ်။

မက်ဇ်ပာာ အသက် (၁၉) နှစ် အရွယ်ကတည်းက ကေပေါ့ပ် စတိုင်ဖြစ်အောင် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ မက်ဇ်ပာာ ကိုရီးယား တက္ကသိုလ်တစ်ခုမှာ ပညာသင်ရင်း ကေပေါ့ပ်တွေကို စိတ်ဝင်စားလာတာ ဖြစ်ပြီး နောက်ဆုံးမှာ တစ်ထေရာတည်း ဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်။

Click to comment

Most Popular

To Top