ငယ်ဘဝကို ပြန်လည် ထင်ပာပ်စေခဲ့တဲ့ ညီအစ်ကို နှစ်ဦး – iSeeMedia
Entertainment

ငယ်ဘဝကို ပြန်လည် ထင်ပာပ်စေခဲ့တဲ့ ညီအစ်ကို နှစ်ဦး

လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်က ပုံစံအတိုင်း ပြန်လည် ဝတ်ဆင်ပြီး ငယ်ဘဝကို ပြန်လည်ထင်ပာပ်စေခဲ့တဲ့ ညီအစ်ကို နှစ်ဦး

 

အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီ ပြည်နယ်မှာ နေထိုင်တဲ့ မက်နဲ့အီဗန်တို့ ညီအစ်ကို နှစ်ဦးပာာ ငယ်ဘဝကို ထင်ပာပ်စေတဲ့ ပုံရိပ်တွေ ဖန်တီးမူ ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ ငယ်ငယ်က ညီအစ်ကိုနှစ်ဦး ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေ အတိုင်း ပြန်လည် ဝတ်ဆင်ပြီး ဓာတ်ပုံရိုက်ခံမူ ပြုလုပ်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

လွန်ခဲ့သော နှစ်ပေါင်း (၃၀) လောက်က ပုံစံအတိုင်း ပြန်လည် ဝတ်စားဆင်ယင်ခဲ့တာ ဖြစ်ပါတယ်။ ငယ်ဘဝက အဝတ်အစား ပုံစံအတိုင်း ပြန်ရဖို့ အင်တာနက်မှာ အနီးစပ်ဆုံးရှာဖွေ ဝယ်ယူရာမှာ ဒေါ်လာ (၃၀၀) ကုန်ကျခဲ့ပါတယ်။ အသက်(၃၅) ရှိပြီ ဖြစ်တဲ့ မက်နဲ့ အသက်(၃၇)ရှိပြီဖြစ်တဲ့ အီဗန်တို့ပာာ ငယ်ဘဝမှာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေကအတိုင်း တစ်ထပ်တည်း ဖြစ်အောင် ပြုလုပ်ခဲ့ပါတယ်။ ငယ်ဘဝမှာ ဝတ်ခဲ့တဲ့ အဝတ်အစားပုံစံအတိုင်း ဝတ်စားဆင်ယင်ခဲ့တဲ့ အပြင် ဓာတ်ပုံ ရိုက်ရာမှာလည်း အမူအယာကအစ တစ်ထေရာတည်း ဖြစ်အောင် ပြုလုပ်ခဲ့ပါတယ်။ ဓာတ်ပုံ စတူဒီယိုကလည်း အရင်အတိုင်းပဲ ရှိနေသေးတာကြောင့် နောက်ခံအနေအထားကိုလည်း တူညီအောင် လုပ်နိုင်ခဲ့ပါတယ်။

မက်နဲ့ အီဗန်တို့ပာာ ငယ်ဘဝကလို ပြန်ဖြစ်သွားပေမယ့် မုတ်ဆိတ်မွေးတွေ ရှိခြင်း၊ နဖူး ပြောင်လာခြင်းစတဲ့ အရာတွေကိုတော့ ဖုံကွယ်နိုင်ခြင်း မရှိပါဘူး။ မက်ပာာ ဓာတ်ပုံတွေ ရိုက်ကူးပြီးနောက်မှာ အော်ရီဂွန်မှာ ရှိနေတဲ့ မိခင်ဖြစ်သူ အံ့အားသင့်စေဖို့ သွားရောက် ပြသခဲ့ပါတယ်။ ဒါပေမယ့် မိခင်ဖြစ်သူက အံ့အားသင့်ခြင်း မရှိဘဲ သူတို့ညီအစ်ကိုတွေ ဝတ်ဆင်ခဲ့တဲ့ အဝတ်အစားတွေကို ပြန်လည် ထုတ်ပြခဲ့ပါတယ်။ မက်ပာာ မိခင်ဖြစ်သူအိမ်မှာ ငယ်ဘဝကပုံနဲ့ အခု လက်ရှိ အခြေအနေမှာ ရိုက်ထားတဲ့ ပုံတွေကို နှိုင်းယှဉ် ချိတ်ဆွဲထားတာကြောင့် မိဘဆွေမျိုးတွေက ထူးခြားတဲ့ စိတ်ကူးအဖြစ် ချီးကျူးခဲ့ကြပါတယ်။

Click to comment

Most Popular

To Top