အိန္ဒိယဘက်က ဝယ်ယူမှုပမာဏ နည်းခြင်းကြောင့် မတ်ပဲတစ်တန် ကျပ်တစ်သိန်းခန့် ဈေးကျနေ – iSeeMedia
Local

အိန္ဒိယဘက်က ဝယ်ယူမှုပမာဏ နည်းခြင်းကြောင့် မတ်ပဲတစ်တန် ကျပ်တစ်သိန်းခန့် ဈေးကျနေ

ရန်ကုန် ဩဂုတ် ၂၃

အိန္ဒိယဘက်က ဝယ်ယူမှုပမာဏ နည်းခြင်းကြောင့် မတ်ပဲတစ်တန်လျှင် ငွေကျပ်တစ်သိန်းခန့်ဈေး ကျနေ ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းမှ သိရသည်။

အိန္ဒိယနိုင်ငံဘက်မ ှဇူလိုင်လမှစ၍ ဝယ်ယူခွင့်လိုင်စင်များထုတ်ပေးထားပြီဖြစ်သော်လည်း ပဲဝယ် ယူမှုမှာ ဝယ်လိုအားထက် ရောင်းလိုအားများနေပြီး ဝယ်ယူမှုများစတင်သည့် ဇူလိုင်လနှင့်ယခုလနှိုင်းယှဉ်ပါက မတ်ပဲတစ်တန်လျှင် ငွေကျပ်တစ်သိန်း၊ ပဲစဉ်းငုံတစ်တန်လျှက် ငွေကျပ် ၄ သောင်းနှုန်းဈေးကျနေကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှအ တွင်းရေးမှူးဦးမင်းကိုဦးက ပြောသည်။

“ဝယ်ဖို့ဖွင့်ပေးလိုက်တာမှန်ပေ မယ့်ရောင်းချင်တဲ့ပမာဏများပြီး ဝယ်ချင်တဲ့ပမာဏနည်းနေတာ ကြောင့်ဈေးက ကျနေတာ”ဟု ၎င်းက ပြောသည်။

၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အတွက် မတ်ပဲတန်ချိန် ၁ သိန်းခွဲ၊ပဲ စဉ်းငုံတန်ချိန်၂သိန်းနှင့် ပဲတီစိမ်းတန်ချိန် ၁သိန်းခွဲ ဝယ်ယူမည်ဟု ယခုနှစ်မတ်၃၀ရက်က အိန္ဒိယနိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ကြေညာချက်မထွက်ခင်က ပဲစဉ်းငုံအသစ်တစ်တန်လျှင် ငွေကျပ် ၈သိန်း၈သောင်းကျပ်၊ ပဲစဉ်းငုံအဟောင်း တစ်တန် ရသိန်း၈သောင်းကျပ်ရှိခဲ့ရာမ ှကြေညာချက်ထွက်နောက် ပဲစဉ်းငုံအသစ်တစ်တန်ကျပ်ဆယ် သိန်းအထိဈေးမြင့်တက်ခဲ့သည်။

အိန္ဒိယနိုင်ငံဘက်မှ ဝယ်ယူခွင့်လိုင်စင်များဖြင့် စတင်ဝယ်ယူခဲ့သည့် ဇူလိုင်လက မတ်ပဲတစ်တန် လျှင်ကျပ်၈ သိန်း၈သောင်းရှိခဲ့ရာမှ ဩဂုတ်၁၅ရက်တွင်မူ ကျပ်ရသိန်း ရသောင်း၅ထောင်သို့ဈေးပြန်ကျခဲ့ပြီး ပဲစဉ်းငုံ တစ်တန်လျှင် ဇူလိုင်လက ကျပ်၉သိန်း၄သောင်းရှိခဲ့ရာမှ ဩဂုတ် ၂၂ရက်တွင်ပဲစဉ်းငုံတစ် တန်ကျပ်၈သိန်း ၉သောင်းသို့ဈေး ပြန်ကျနေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့ပဲများကိုအိန္ဒိယနိုင်ငံအ ပြင်နီပေါ၊ပါကစ္စတန်၊ဘင်္ဂလားဒေ့ ရှ်ဒ့်နှင့်ဒူဘိုင်းတို့သို့တင်ပို့ရောင်းချ နေပြီးဈေး ကွက်သစ်ရှာဖွေမှုများ ကိုလည်းဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းမှ သိရသည်။

အိန္ဒိယမှပဲစဉ်းငုံနှင့်မတ်ပဲဝယ်ယူမှုကို ၂၀၁၇ခုနှစ်ဩဂုတ်လမှ မတ်လကုန်အထိ ရပ်ဆိုင်း လိုက်ခြင်းကြောင့် ပဲဈေးများ အလွန်အမင်းကျဆင်းခဲ့ပြီး အိန္ဒိယအစိုးရက ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်အတွင်း မြန်မာ့ပဲစင်းငုံ တန်ချိန်၂သိန်းနှင့် မတ်ပဲတန်ချိန်တစ်သိန်းခွဲနှင့် ပဲတီစိမ်းတစ်သိန်းခွဲကို ပြန်လည်ဝယ်ယူမည်ဟု ၂၀၁၈ခုနှစ် မေလအတွင်းက ထုတ်ပြန်ခဲ့သည်။

အိန္ဒိယမှ ပဲဝယ်ယူမှုကို မရပ်ဆိုင်းခင်ကာလများက ပဲဈေးကွက်အတွင်း ပဲဈေးကစားမှုများကြောင့် ပဲ ဈေးမှာ တစ်တန်လျှင် ကျပ်၁၇သိန်း မှ၂၂သိန်းအထိမြင့်တက်ခဲ့ကြောင်း သိရသည်။

ဇွဲခန့်

Click to comment

Most Popular

To Top