ကလေးများ၏ကျောင်းကားအပေါ် အတက်၊အဆင်းပြုလုပ်ချိန်ကို ဖုန်းမှတဆင့် မိဘများသိရှိနိုင်မည့် စမတ်ကတ်များထုတ်ပေးရန် တိုင်းအစိုးရစီစဉ် – iSeeMedia
Local

ကလေးများ၏ကျောင်းကားအပေါ် အတက်၊အဆင်းပြုလုပ်ချိန်ကို ဖုန်းမှတဆင့် မိဘများသိရှိနိုင်မည့် စမတ်ကတ်များထုတ်ပေးရန် တိုင်းအစိုးရစီစဉ်

ရန်ကုန်၊ ဩဂုတ် ၂၃

ကျောင်းသားမိဘများအနေဖြင့် ဖုန်းမှတစ်ဆင့် မိမိတို့၏ကလေးများ ကျောင်းကားပေါ် အတက်၊အဆင်းပြုလုပ် သည့်အချိန်ကို သိရှိနိုင်မည့် school bus စမတ်ကတ်များအား ကျောင်းသားများထံ ယခုလကုန်တွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

၄င်း ကျောင်းတက်၊ကျောင်းဆင်းချိန်သိရှိနိုင်မည့် စမတ်ကတ်များကို လာမည့် စက်တင်ဘာလတွင် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။

ကျောင်းကားများကို စီးနင်းနေသည့် ကျောင်းသား၊ကျောင်းသူများ၏ ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေးအတွက် ၄င်းစမတ်ကတ်များထုတ်ပေးရန်စီစဉ်ရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ မန်နေ ဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်ကသည်။

“ဒီကတ်နဲ့တက်တဲ့ ဆင်းတဲ့အချိန်မှာမိဘရဲ့ဖုန်းမှာရှိတဲ့အပလီကေးရှင်းမှာကလေးကကျောင်း ကားပေါ်ဘယ်အချိန်ရောက်၊ဘယ်အ ချိန်ဆင်းမယ်ဆိုတာသိရှိရမှာဖြစ်ပါတယ်”ဟု၎င်းကဆိုသည်။
စမတ်ကတ်အတွင်းကျောင်းသားတစ်ဦးချင်း၏ကိုယ်ရေးအချက်အလက်၊ ဆက်သွယ်ရမည့်မိဘ(သို့မဟုတ်)အုပ် ထိန်းသူများ၏လိပ်စာများစသည့် ဒေတာများထည့်သွင်းမည်ဖြစ်ပြီးမိဘ များဖုန်းထဲတွင်ထည့်သွင်းမည့်အပလီ ကေးရှင်းမှာလည်းအဆင်သင့်ဖြစ်နေ ပြီဖြစ်ကြောင်း သိရသည်။

ယင်းစမတ်ကတ်များကို မူလတန်း၊အလယ်တန်း၊အထက်တန်းကျောင်းသားများအတွက် ခွဲခြားထုတ်ပေးသွား မည်ဖြစ်ပြီး ကျောင်းသူမိန်းကလေးများအတွက်မူ အရောင်တစ်ခု၊ ယောက်ျားလေးများအတွက် အရောင်တစ်ခု ခွဲခြားသတ်မှတ်ထားပေးမည်ဖြစ်ကြောင်းနှင့် စမတ်ကတ်ကို ကျောင်းသား၊ကလေးသူများ စိတ်ဝင်စားစေမည့် ကာတွန်းဒီဇိုင်းများဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီးအအစိုးရအဖွဲ့မှ ဝယ်ယူထားသည့် ကျောင်းကားအစီး နှစ်ရာအနက် ၁၀၂ စီးဖြင့်ကျောင်း ၁၂ကျောင်းမှ ကျောင်းသားကျောင်းသူစုစုပေါင်း ၁၉၄၆ ဦးကို ပို့ဆောင်ပေးလျှက်ပြီး ထပ်တိုးပြေးဆွဲပေးရန် ကျောင်းများရှိသဖြင့် လမ်းကြောင်းရေးဆွဲမှုများဆောင်ရွက်လျှက်ရှိကြောင်းလည်း သိရသည်။

ဇွဲခန့်

Click to comment
To Top