မကွေး၊ အောက်တိုဘာ ၁ မကွေးတိုင်းဒေသကြီးတွင် ၂၀၁၉ခုနှစ်အတွင်းဖြစ်ပွားခဲသည့် မှုခင်းများအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များကို မကွေးတိုင်းဒေသကြီးရဲ တပ်ဖွဲ့မှူးက အမှုထမ်းကောင်းလက်မှတ်များချီးမြှင့်ခဲ့ကြောင်းသိရသည်။ ၄င်းရဲတပ်ဖွဲ့ဝင်များအနေဖြင့် ၂၀၁၉ခုနှစ်အတွင်း၌ ခိုးဝင်မွတ်စလင်လူမျိုး ၅၅ ဦး၊ ခိုးဝင်မွတ်စလင်လူမျိုးများအား ပို့ဆောင် ပေးသူ ၃ ဦးတို့ကို ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး...
ရန်ကုန်၊စက်တင်ဘာ ၂၁ လာမည့် ၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် တိုင်းပြည်၏ အနာဂတ်အတွက် အရေးပါပြီး သက်ရောက်မှုကြီးမားသည့် ရွေးကောက်ပွဲတစ်ခုဖြစ်လာလိမ့်မည်ဖြစ်ကြောင်း သဘာပတိဦးတင်ထွဋ်ဦးက ပြောကြားခဲ့သည်။ ယနေ့(စက်တင်ဘာ ၂၁ရက်)တွင် ရန်ကုန်တိုင်းဒေသကြီး၊ဗဟန်းမြို့နယ်၊အနောက်ရွှေဂုံလမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ပါတီဌာနချုပ်တွင်ပြုလုပ်သည့် ဒုတိယဗဟိုကော်မတီ တတိယအကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် သဘာပတိ အဖြစ်ဆောင်ရွက်သူ...
မကွေး၊စက်တင်ဘာ ၂၀ မကွေးတိုင်းဒေသကြီး၊အထက်မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၁ ရွာမှ အိမ်ထောင်စုများအား တစ်အိမ်သုံး ဆိုလာ စနစ်ဖြင့် မီးလင်းနိုင်ရေးလုပ်ငန်းများကို အထက်မင်းလှမြို့နယ် ၊ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။ မင်းလှမြို့နယ်အတွင်း မဟာဓာတ်အားလိုင်းရောက်ရှိနေသည့်နေရာမှစတင်ကာ (၁၀)မိုင်အထက်ဝေးကွာသောကျေးရွာ များတွင် တစ်အိမ်ထောင်သုံးဆိုလာစွမ်းအင်ဖြင့် မီးရရှိနိုင်ရန်ရည်မှန်းချက်ထားကာ...
ရန်ကုန်၊စက်တင်ဘာ ၁၉ CNG အရောင်းဆိုင်များတွင် မော်တော်ယာဉ်များဓာတ်ငွေ့ဖြည့်တင်းမှုပိုမို အဆင်ပြေချောမွေ့စေရေးအတွက် လာမည့် ဘတ်ဂျက်တွင် အရောင်းဆိုင်တစ်ဆိုင်တိုးချဲတည်ဆောက်ရန်နှင့် ၄င်းဆိုင်မြေနေရာရရှိရေးကိုပါ တင်ပြဆောင်ရွက်သွား မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ပြောကြားသည်။ “ CNG အရောင်းဆိုင်များတွင် တပ်ဆင်ထားသော CNG...
ရန်ကုန်၊စက်တင်ဘာ ၁၉ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ပုဒ်မ ၅၆ ဖြင့် အမှုဖွင့်လှစ်ခြင်းခံထားရသည့် BPI ဆေးဝါးစက်ရုံ၏ စက်ရုံမှူးဒေါက်အောင်ဇော်ကို အင်းစိန်မြို့နယ်တရားရုံးတွင် ယနေ့နံနက်ပိုင်းက ရုံးထုတ်ခဲ့ရာတွင် ရဲတပ်ဖွဲ့က တရားရုံး၌ ချုပ်နှောင်ခွင့်ယူခဲ့ကြောင်း သိရသည်။ ၄င်းရုံးထုတ်မှုတွင် အဂတိလိုက်စားမှုဖြင့်စွပ်စွဲခံထားရသည့် BPI စက်ရုံမှူးဒေါက်တာအောင်ဇော်အား အင်းစိန်မြို့နယ်...
အောက်တိုဘလ ၁ရက်နေ့တွင် မြန်မာယူနီကုဒ်စံနစ်သို့ စတင်ကူးပြောင်းတော့မည်ဖြစ်ရာ ထိုသို့ ကူးပြောင်းနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်ရန် Myanmar Unicode Migration Volunteers များ ဖိတ်ခေါ်လျက်ရှိကြောင်း မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ သိရသည်။ တိုင်းပြည်အတွက် အရေးကြီးသည့် ကူးပြောင်းရေးကိစ္စ အောင်မြင်စေရန် အတွက် လူအင်အားဖြင့် ဆောင်ရွက်ပေးနိုင်ရန်...
We Love Dauk Zaw Groupတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်၏ ဓာတ်ပုံများကိုအသုံးပြု၍ ဂုဏ်သိက္ခာကျဆင်းစေရန်ရေးသားပို့စ်တင်ခဲ့သူ Facebook အကောင့်ပိုင်ရှင်နှစ်ဦးကို အမှုဖွင့်ထားကြောင်း သိရသည်။ “မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ လည်းဖြစ်တယ်။ ကျွန်တော်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်း...