အခြေခံဥပဒေ ပြင်ဆင်ရေး ၄၅ ဦးကော်မတီကို မျက်ခြေမပြတ် ဝန်းရံသွားရမယ်လို့ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်သံဃာတစ်ပါးဖြစ်သူ ဆရာတော် ဦးဣန္ဒက ယနေ့ ကျင်းပပြုလုပ်တဲ့ ၁၂ နှစ်မြောက် ရွှေဝါရောင် တော်လှန်ရေး အခမ်းအနား အပြီးမှာ ပြောဆိုလိုက်ပါတယ်။ ကိုဖူးသစ်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန(ပတ်/သန့်) မှာ တာဝန်ထမ်းဆောင်နေပြီး ကိုင်ဆောင်လက်မှတ်မရရှိသေးတဲ့ နေ့စားဝန်ထမ်းဝန်ထမ်းတွေကို အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်တွေ ထုတ်ပေးသွားမယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဒေါ်မိုးမိုးစုကြည်က ပြောကြားလိုက်ပါတယ်။
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အင်းလေးကန်ဒေသအနီး သစ်တောဦးစီးဌာန သစ်တောကြိုးဝိုင်းအတွင်း သစ်ပင်မျိုးးစေ့ချ စိုက်ပျိုးမယ့် စီမံကိန်းကို နိုင်ငံတော်အစိုးရနဲ့ ထူးကုမ္ပဏီ အုပ်စုတို့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပြီး သစ်တောကြိုးဝိုင်း ဧရိယာ ၂၂၅၀ မှာ စမ်းသပ်စိုက်ပျိုးမှာ ဖြစ်တယ်လို့သိရပါတယ်။ အဆိုပါ စီမံကိန်းကို စက်တင်ဘာ...
ဆူးလေစေတီတော်ကို အသုတ်အမတ်ကြီး တည်ခဲ့တဲ့အတွက် ကျိုက် အသုတ်စေတီ၊ နတ်လူတို့ စုဝေးရာအရပ်မို့ စုဝေးစေတီ၊ ဘုရားလေးဆူကို မီခဲ့တဲ့ လေးဆူနတ်ကြီး (ခ) ဆူးလေနတ်ကြီးကို အစွဲပြုပြီး ဆူးလေ စေတီ စသဖြင့် ခေါ်တွင်ခဲ့တဲ့ ဆူးလေ စေတီတော်ကြီးဟာ ယခုအချိန်မှာတော့ ဘက်စုံမွမ်းမံမှုများ...
ဗိုလ်တစ်ထောင်စေတီတော်ကြီးဟာ ပဲခူးရိုးမ တောင်ရဲ့ အစွန်း၊ အကုန်၊ အဆုံးမှာ တည်ရှိတာကြောင့် (ကျိုက်=ဘုရား၊ ဒေး=တောင်၊ အပ်=အစွန်း) ကျိုက်ဒေးအပ်၊ တောင်ကုန်းဘုရား၊ တောင်စွန်းဘုရား၊ တောင်ဆုံးဘုရားလို့ ခေါ်ဝေါ်ခဲ့ကြတာ ဖြစ်ပါတယ်။
(ပြဒါးရှင်ဘုရား) ရွှေတိဂုံဘုရားရင်ပြင်တော် အရှေ့ဘက်မုခ်နဲ့ အင်္ဂါထောင့်အကြားမှာရှိတဲ့ စေတီတစ်ဆူရဲ့ တောင်ဘက်မုခ်အတွင်းမှာ ရှိတဲ့ ကြေးဆင်းတုတော် တစ်ဆူ ဖြစ်ပါတယ်။ အလွန် အချိုးအစား ကျန ပြေပြစ်လှပါတယ်။ နဖူးတော်မို့မောက်နေတာကြောင့် ပြဒါးရှင်လုံး ဌာပနာထားတယ်လို့ ပြောစမှတ် ပြုကြပါတယ်။ ပြဒါးရှင်လုံး ရှိ၊ မရှိ...
(လက်ပက်လက်ဘုရား) ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ် အာရုံခံတန်ဆောင်းအတွင်းရှိ ကကုသန် မြတ်စွာဘုရားရဲ့ ရုပ်ပွားတော် ဖြစ်ပါတယ်။ လိုဏ်ဂူအတွင်းရှိ ကကုသန်ဘုရားရှင် ရုပ်ပွားတော်ရဲ့ လက်ယာဘက် လက်တော်ဟာ တခြား ရုပ်ပွားတော်များလို လက်မှောက်ခုံမဟုတ်ဘဲ လက်တော် ပက်လက်ထား၍ ထုထားတဲ့အတွက် လက်ပက်လက်ဘုရားလို့ ခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။
(ဘိုးဘိုးအောင်ဘုရား) ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ် အနီးရှိ ဘိုးဘိုးအောင်တန်ဆောင်းမှာ တည်ရှိပါတယ်။ တန်ဆောင်းတွင်းရှိ ရုပ်ပွားတော်ကို ဘိုးဘိုးအောင် တည်ခဲ့တယ်လို့ ပြောစမှတ်ရှိပြီး ဘိုးဘိုးအောင် တန်ဆောင်းအနောက်ဘက် ကျောချင်းကပ်လျက် ဓမ္မစေတီမင်းရဲ့ ကောင်းမှုတော် စေတီ တည်ရှိပါတယ်။ ဓမ္မစေတီ ဘုရားရှေ့မှာ ခြင်္သေ့နဲ့ ကျားရုပ်ရှိတာကို...
(ဆံတော်တွင်း ရုပ်ပွားတော်) တန်ဆောင်းတွင်းရုပ်ပွားတော်အနောက်တွင် ယခင်နှစ်ပေါင်း ၅၀ ကျော်က ဆံတော်တွင်းသို့ဆင်းရာ ဥမင်လိုဏ်ခေါင်းရှိ သည်ဟု ပြောစမှတ်ရှိသည်။ဆံတော်တွင်းမှ ရေသည် ဧရာဝတီမြစ်ရေးနှင့်တစ်ကြောတည်းဖြစ်ပြီး ရေတက်၊ရေကျရှိတိုင်း ဆံတော်တွင်းမှာလည်း အတက်၊အကျရှိတယ်လို့ဆိုကြပါတယ်။ဆံတော်တွင်း အုတ်ပြဿဒ်ကိုငုံပြီး ၁၈၇၉ ခုနှစ်က တန် ဆောင်းဆောက်လုပ်ခဲ့ပါတယ်။